တံတားဦး ဩဂုတ် ၁၈
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီက တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က မော်တော်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ်စီးနင်းလာသူများအား ယာဉ်မောင်းများ လိုက်နာရမည့်အချက်များ၊ ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် အချက်များ၊ မော်တော်ဆိုင်ကယ်တွင် နောက်ကြည့်မှန်တပ်ဆင်စီးနင်းကြရန်နှင့် ဆိုင်ကယ်ရှေ့အောက်မီးကို နေ့/ညဖွင့်၍ မောင်းနှင်ကြရန် ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ထားသည့် မော်တော်ယာဉ် ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ဦးစီးအရာရှိက ပြန်လည်ဖြေကြား ပေးကြသည်။ အဆိုပါအခမ်းအနားသို့ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့မအခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား/သူများ ၊ ဆရာ/မများ တက်ရောက် ကြကြောင်းသိရသည်။
ရဲတင့်