မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် “ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါအကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်

မန်တုံ  သြဂုတ် ၁၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျွဲ၊ နွားအရေပြား အကျိတ်နာရောဂါအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က မန်တုံမြို့နယ်အတွင်းကျွဲ၊ နွားမွေးမြူရေးလုပ်ကိုင်လျက်ရှိသော ပြည်သူများအနေဖြင့် ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါနှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မန်တုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာပြည့်ဖြိုးအောင်က ကျွဲ၊ နွားအရေပြားအကျိတ်နာရောဂါ နောက်ခံသမိုင်းကြောင်းများ၊ ရောဂါဖြစ်စေတတ်သည့်ပိုး၊ ကူးစက်ခံရသည့်တိရစ္ဆာန်များ၊ ရောဂါကူးစက်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ အခြားဆင်တူယိုးမှား ရောဂါများ၊ ကြိုတင်ကာကွယ်ခြင်းနှင့်ကုသခြင်းများ၊ မိမိတို့ပတ်ဝန်းကျင်တွင် ရောဂါသံသယဖြစ်ဖွယ်တိရစ္ဆာန် များတွေ့ရှိပါကမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ကြရန် အစရှိသည်များကို အသိပညာပေး ဆွေးနွေးခဲ့သည်။

မန်တုံ(ပြန်/ဆက်)