နမ့်ဆန် ဩဂုတ်လ ၁၈
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်နှင့်အတူအဖွဲ့ ဝင်ဦးခင်ဇော်လှိုင်၊ နမ့်ဆန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာဒေါ်သဲစုမွန်တို့က ယနေ့နံနက် (၁၀)နာရီအချိန် တွင် ဘုရားကြီးကျေးရွာအုပ်စု အောက်ဘုရားကြီးကျေးရွာ ရှေးဟောင်းသမိုင်းဝင် ဘုရားရင်ပြင်တော် မြေထိန်းနံရံ ပြုပြင်ဆောင်ရွက်ရာနေရာသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာကျောင်း ထိုင်ဆရာတော် ဘဒ္ဒန္တဝိမလကပြင်ဆင်ပြီးစီးမှု အခြေအနေများအားလိုက်လံရှင်းလင်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတာသိန်းဇော် ကလိုအပ် သည်များကို ဒေသအဆင့်/မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)