မိုးအဆက်မပြက်ရွာသွန်းခဲ့မှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ရေဝင်ရောက်လျက်ရှိသော ရပ်ကွက်များရှိ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့

ဒဂုံအရှေ့  သြဂုတ်  ၁၈

ရန်ကုန်တိုင်းဒေသကြီးတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၁၂၅)ရပ်ကွက်တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ၎င်းရပ်ကွက်ရှိပြည်သူများသို့ စားသောက်ဖွယ်ရာများဖြစ်သော ထမင်း၊ ဟင်းများ ထောက်ပံ့လှုဒါန်းခြင်းကို ယမန်နေ့ညနေပိုင်း ()နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့လှုဒါန်းမှုများ ပြုလုပ်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ခွဲနှင့် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ၊ ရပ်ကွက်တာဝန်ရှိသူများ၊ စေတနာအလှုရှင်များပူးပေါင်း၍ အမှတ်(၁၂၅)ရပ်ကွက် အိမ်ခြေ(၆၀)၊ လူဦးရေ (၁၉၀)ဦးအတွက် စားသောက်ဖွယ်ရာများဖြစ်သော ထမင်း၊ ဘဲဥဟင်းတို့အား လိုက်လံပေးဝေလျက်ရှိသည်။

မြို့နယ်တွင် ရေဝင်ရောက်မှုရှိသော ရပ်ကွက်များမှာ အမှတ်(၁၁၈)ရပ်ကွက်၊ အမှတ်(၁၂၅)ရပ်ကွက်ရှိ မြေနိမ့်ပိုင်းနေရာများဖြစ်ပြီး ထပ်မံမိုးရွာသွန်းမှုကြောင့် အခက်အခဲဖြစ်ပေါ်ပါက ကူညီဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မြို့နယ်တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်တောက်မှုများ၊ သစ်ပင်များပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်သက်ဆိုင်ရာဌာနများ၏ အရေးပေါ်ခေါ်ဆိုရမည့် ဖုန်းနံပါတ်များအား ရပ်ကွက်တာဝန်ရှိသူများဖြင့် ပေါင်းစပ်၍ပြင်ဆင်ထားရှိကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)