မိုင်းယုမြို့၌ စာပေချစ်မြတ်နိုးသူများထံ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်း

မိုင်းယု ဩဂုတ် ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသတွင်းရှိ စာပေချစ်မြတ်နိုးသူများထံ စာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ဌားရမ်းနိုင်ခြင်းမရှိသည့် စာပေဝါသနာရှင်များ စာပေကို လွယ်လင့်တကူ လေ့လာဖတ်ရှု့နိုင်ရန်အတွက် နယ်လှည့် စာကြည့်တိုက်  (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ ဌားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကာ ဌာရမ်းပေးခဲ့သည်။

အဆိုပါ စာအုပ်စာစောင်များဌားရမ်းရာတွင် ဌာနဆိုင်ရာရုံးများ၊ လူစည်ကားရာနေရာများနှင့် အခြေခံပညာကျောင်းများသို့ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက သွားရောက်ကာ သုတစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များနှင့် အသိပညာဗဟုသုတများ စုံလင်စွာပါရှိသည့်  စာအုပ်စာစောင်များကို ဌားရမ်းပေးခဲ့ပြီး ယင်းသို့ ဌားရမ်းပေးခဲ့သည့်စာအုပ်စာစောင်များအား စာဖတ်သူတို့ စနစ်တကျဖတ်ရှု့စေပြီး ပျောက်ရှပျက်စီးမှုမရှိစေရေးနှင့် တစ်ပတ်ပြည့်လျင် ထပ်မံလာရောက်၍ ဆက်လက် ငှားရမ်းပေးခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

ကိုကိုနိုင်