ကျောက်ဆည် ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ကျောင်း သား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ရရှိစေ န် ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မြတ်သိန်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် အလိမ္မာစာမှာရှိဆိုသည့်အတိုင်း ယဉ်ကျေးသိမ်မွေ့စွာနေထိုင်ပြီး အသိပညာပေးဟောပြောမှုများကို သေချာစွာနာယူမှတ်သားသွားကြရန် ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကြီးပွားတိုးတက်လိုသူများသည် စာအုပ်၊ စာပေများ ဖတ်ရှုကြကြောင်း စာပေဖတ်ရှုခြင်းဖြင့် ဆုံးဖြတ်မှုများဆောင်ရွက်ရာတွင် မှန်ကန်စွာဆုံးဖြတ်နိုင် သဖြင့် အောင်မြင်ကြီးပွားသူများ မလွဲဧကန်ဖြစ်လာမည်ဖြစ်ကြောင်း အသိပညာပေးပြောခဲ့သည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြမြမွန်က စာအုပ်စာပေလူ့မိတ်ဆွေ ဆိုသည့်အတိုင်း စာအုပ်၊စာပေများသည် မိတ်ဆွေစစ်မိတ်ဆွေမှန်ဖြစ်ကြောင်း ခရိုင်ပြည်သူ့စာကြည်တိုက်တွင် မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်များကို အခမဲ့အသင်းဝင်၍ အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်းပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)