လှည်းကူးမြို့နယ်တွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

လှည်းကူး   သြဂုတ်  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့တို့ပူးပေါင်းပြီး မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ နာရီ က ကျင်းပပြုလုပ်သည်။

အဆိုပါအသိပညာပေး (TalkShow) ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင်မျိုးအောင် က မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်လင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဦးစိုးသူက မသန်စွမ်းအမျိုးအစားများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ မသန်စွမ်းသူများနှင့် ဆက်ဆံရမည့်နည်းလမ်းများ၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)