မုဒုံ ဩဂုတ် ၁၇
မွန်ပြည်နယ်၊ မုဒုံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ထားရှိမှု အခြေအနေများ၊ အခြင်အတွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးအတွက် ဩဂုတ်လ(၁၆)ရက် မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာအဖွဲ့များ ကွင်းဆင်း စစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက အဖွဲ့(၃)ဖွဲ့ခွဲကာ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်(၁၈)ဆိုင်နှင့် စက်သုံးဆီလှောင်ကန်များအား သတ်မှတ်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေ များ၊ စက်သုံးဆီရောင်းဝယ်ရာတွင် အခြင်အတွယ်/ဈေးနှုန်းများ မှန်ကန်မှုရှိစေရေး၊ စက်သုံးဆီလှောင်ကန်များတွင် သိုလှောင်ထားရှိပြီး ဈေးနှုန်းကစားမှု မရှိစေရေး၊ စနစ်တကျရောင်းဝယ်မှုနှင့် စက်သုံးဆီ အရောင်းဆိုင် / လှောင်ကန်များတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
သားငယ် (မုဒုံ)