ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ဗဟန်း  ဩဂုတ်  ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က စာအုပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလှူဒါန်းစာအုပ်များအား ဆရာကြီးဒေါက်တာတင်ထွန်း (သထုံတင်ထွန်း) ကိုယ်စား ဦးမျိုးမောင်မောင် က လှူဒါန်းခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဗဟန်းမြို့နယ် ဦးစီးမှူး ဒေါ်စန္ဒာဌေးမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် လှူဒါန်းစာအုပ်မှာစုစုပေါင်း (၁၀၀)အုပ်ဖြစ်ကြောင်းသတင်းရရှိသည်။

စန္ဒာမိုး