တောင်ကုတ် ဩဂုတ် ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မသန်စွမ်းသူအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မသန်စွမ်းသူအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဥပဒေများပြဌာန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ မသန်စွမ်းသူများကို ပိုမိုကြည့်ရှုစောင့်ရှောက်နိုင်ရန်၊ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းပါပြဌာန်းချက်များကို ပိုမိုထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံသားများခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူများအားလုံး တန်းတူညီမျှအပြည့်အဝရရှိစေရန်၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးရာနယ်ပယ်အသီးသီးတွင် အခြားသူများနှင့် တန်းတူလူမှုအဖွဲ့အစည်းတွင် ပေါင်းစည်းပါဝင်နိုင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာစွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့်နိုင်ငံသားများက အသိအမှတ်ပြုနိုင်ရန်၊ မသန်စွမ်းသူများ၏ လူနေမှုဘဝလုံခြုံစိတ်ချမှုရှိပြီး ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ မသန်စွမ်းသူများအား နယ်ပယ်အားလုံးတွင် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက်စေ ရန်နှင့်ခွဲခြားဆက်ဆံမှုများ မပြုစေရေးအတွက် ဥပဒေအရကာကွယ်ပေးရန်၊ မသန်စွမ်းသူများကို နိုင်ထက် စီးနင်းအကြမ်းဖက်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်မှုအမျိုးမျိုးအပါအဝင် အလွဲသုံးခံရမှု၊ ခေါင်းပုံဖြတ်ခံရမှုများမှ ကာကွယ်ပေးရန်နှင့် မသန်စွမ်းသူအမျိုးသမီးများနှင့် ကလေးများကို အထူးကာကွယ်ပေးရန်၊ မိဘမဲ့၊ ခိုကိုးရာမဲ့နှင့်မသန်စွမ်းမှု တစ်ခုထက်ပို၍ ခံစားနေရသည့်မသန်စွမ်းသူများကို မသန်စွမ်းမှုများအလိုက် နိုင်ငံတော်မှ အထူးစောင့်ရှောင့်ပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် ဥပဒေများပြဌာန်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ခင်ဥမ္မာလင်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်