မတ္တရာမြို့နယ်၌  လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ပျောက်ဆုံးမှု လျော့နည်းစေရေး ယာယီဓာတ်အားလိုင်းပိတ်၍ ဆောင်ရွက်

မတ္တရာ ဩဂုတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ ဓာတ်အားပျောက်ဆုံးခြင်းများလျော့နည်းစေရေးတို့အတွက် စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မတ္တရာမြို့နယ် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ  လက် ထောက်မန်နေဂျာ ဦးဝင်းထိန်(အင်/ယာ)နှင့် ဝန်ထမ်းများသည် 33/11 KV ဓာတ်အားလိုင်းများရှိ Jumper Connectionများ စစ်ဆေး ပြုပြင်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်ခြုံနွယ်များရှင်းလင်း ခုတ်ထွင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မတ္တရာမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ ဓာတ်အားပျောက်ဆုံးခြင်းများ လျော့နည်းကျဆင်းရေးလုပ်ငန်းများကို  မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ အပတ်စဉ် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)