ရွာငံမြို့နယ်အတွင်း စက်သုံးဆီရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု

ရွာငံ ဩဂုတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ စက်သုံးဆီရောင်းချနေမှုများကို ဩဂုတ်(၁၇)ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မစဖအဖွဲ့ဝင်(၁)၊ မစဖအတွင်းရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိနှင့် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးတို့က ​မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စက်သုံးဆီရောင်းချပေးနေမှုများနှင့်ပတ်သက်၍ ပြည်သူများစိုးရိမ်ကြောင့်ကြမှုမရှိစေရေးအတွက် အကန့်အသတ်ဖြင့်ရောင်းချခြင်းမပြုရန်၊ ဆီပြတ်လပ်သည်ဟုပြောဆိုကာ ရောင်းချမှုရပ်တန့်ထားခြင်းမရှိ​စေ​ရေး ဆိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ရွာငံမြို့နယ်တွင်စက်သုံးဆီအရောင်းဆိုင် (၆)ဆိုင်ရှိရာ နေရာဒေသအလိုက် ဩဂုတ်လ(၁၇)နံနက်ပိုင်းတွင် 92 -၂၄၃၀ ကျပ် ၊ 95 - ၂၅၂၅ ကျပ် ၊ Diesel -၂၈၃၀ ကျပ် ၊ Premium Diesel -၂၉၁၀ ကျပ် ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)