ကော့မှူး ဩဂုတ် ၁၇
ကျောင်းသား/ကျောင်းသူ လူငယ်များသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏ အနာဂတ်ကြယ်ပွင့်များ ဖြစ်သည့်အတွက် ထူးချွန်ထက်မြတ်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သော လူတော်လူကောင်းလေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်၁၁နာရီက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူ လူငယ်များ အနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ် အမြော်အမြင်များရရှိ စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် (Book Club) အသင်းမှအဖွဲ့ဝင် ဦးအောင်ဇေယျက စာရေးဆရာ ထက်ဝေအောင်(စစ်ကိုင်း) ရေးသားသည့် ပန်းတိုင်းပွင့်ခွင့်ရှိပါသည်နှင့် အခြားဝတ္တုတိုများ စာအုပ်ထဲမှ “ပန်းတိုင်းပွင့်ခွင့်ရှိပါသည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အောင်မင်းနိုင်က “ဘဝသင်ခန်းစာတစ်ခု” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးအောင်ဇေယျက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ ကော့မှူး