မိုင်းယောင်း ဩဂုတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လမ်းဘေးစျေးသည်၊ ပျံကျစျေးသည်များအား သတ်မှတ်နေရာများ၌ စနစ်တကျ ဈေးရောင်းချနိုင်ရေးအတွက် တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးဌာနမှ လမ်းဘေးစျေးသည်၊ ပျံကျစျေးသည်များအတွက် ဈေးကွက်များ ဖော်ထုတ်နေရာချထားပေးပြီးဖြစ်သဖြင့် လမ်းဘေးစျေးသည်၊ ပျံကျစျေးသည် များအနေဖြင့် သတ်မှတ်နေရာ၌ စနစ်တကျ သွားရောက်ဈေးရောင်းနိုင်ရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ စည်ပင်သာယာရေးဌာန မြို့နယ်ဦးစီးမှူး ဦးအားထူယာနှင့် တာဝန်ရှိသူများက လိုက်လံအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း