မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနသို့ LITTLE CHAMPS INTERNATIONAL PRESCHOOL ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/သူများလာရောက်လေ့လာ

မဟာအောင်မြေ ဩဂုတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနသို့ ယနေ့နံနက် (၉) နာရီအချိန်က LITTLE CHAMPS INTERNATIONAL PRESCHOOL ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/သူများ လာရောက်လေ့လာကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင်က လာရောက်လေ့လာသော LITTLE CHAMPS INTERNATIONAL PRESCHOOL ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများအား မီးသတ်ဦးစီးဌာန၏ လုပ်ဆောင်ချက်များနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လာရောက်လေ့လာသော ကျောင်းသား/သူ ကလေးများအား ရှာ‌ဖွေကယ်ဆယ်‌ရေးပစ္စည်းများ၏ အသုံးပြုပုံများအား တစ်ဦးချင်းစီ လက်တွေ့ပြသဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး LITTLE CHAMPS INTERNATIONAL PRESCHOOL ကိုယ်ပိုင်ကျောင်းမှ တာဝန်ရှိ ဆရာမတစ်ဦးက မီးသတ်ဦးစီးဌာန၏ ရှာ‌ဖွေကယ်ဆယ်‌ရေးပစ္စည်းများ၏ အသုံးပြုပုံများအား တစ်ဦးချင်းစီ လက်တွေ့ပြသဆောင်ရွက်ပေးသည့်အတွက် ကျောင်းသား/သူများ၏ကိုယ်စား ကျေးဇူးတင်စကား‌ပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း