မြစ်ကြီးနားမြို့၌ (၄)လ တစ်ကြိမ် စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

မြစ်ကြီးနား ဩဂုတ် ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဒါန်း ခန်းမ၌ စေတနာသွေးသန့် သွေးလှူရှင်အသင်းမှ ကြီးမှူး၍ (၄) လတစ်ကြိမ် စေတနာ သွေးလှူရှင်များ စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် စေတနာသွေးလှူရှင် (၅၀) ဦးခန့် လာရောက်လှူဒါန်း ခဲ့ကြ ကြောင်းနှင့် အသင်းသူ/သားများအနေဖြင့် ပုံမှန်သွေးလှူရှင်များဖြစ်နိုင်စေရန် မိမိကျန်းမာရေး ဂရုစိုက်ခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်သည့် လူမှုဘဝကိုရရှိစေရန်နှင့် ဆေးရုံတွင် သွေးသန့်များကို လိုအပ်သည့် လူနာများအချိန်မီ ရရှိ‌စေရန် ရည်ရွယ်ပြီး ယခုလိုစုပေါင်း သွေးလှူဒါန်းရခြင်း ဖြစ်ကြောင်း စေတနာသွေးသန့်သွေးလှူရှင်အသင်းမှ သိရသည်။

မြစ်ကြီးနားမြို့ရှိ စေတနာသွေးသန့် သွေးလှူရှင်အသင်းအား သွေးလှူရှင်များစုပေါင်းကာ (၂၀၀၄) ခုနှစ်မှ စတင်ဖွဲ့စည်းလှူဒါန်းခဲ့ရာ ယခုချိန်တွင် အသင်းသူ/သား (၁၅၀) ဦးဖြင့် စုပေါင်း ကာ (၄) လတစ်ကြိမ် ပုံမှန်သွေးလှူဒါန်းလျက်ရှိကြောင်းနှင့် ကချင်ပြည်နယ်အတွင်း၌ လူနာများ သွေးလိုအပ်ပါက စေတနာသွေးသန့် သွေးလှူရှင်အသင်းထံသို့ (အခမဲ့) ဆက်သွယ်တောင်းခံ နိုင်ကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)