တွံတေးမြို့နယ် အ.ထ.က(ကံဘဲ့)၌ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

တွံတေး သြဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကံဘဲ့) တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် မှုခင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျောင်းကျန်းမာရေးဟောပြောပွဲကို ယမန်နေ့ နေလည်(၁)နာရီအချိန်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်မြချိုက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ်(၅၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(တွံတေး)မှ ရဲအုပ် ဇင်မင်းဦးက  ကျောင်းသား/သူများ လိုက်နာရမည် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရမည့်​အချက်များကို ကျောင်းသား/ကျောင်းသူများအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြသ၍ အသိပညာပေးဟော‌ ပြောခဲ့သည်။ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်စုစုလှိုင်က ကျောင်းသားလူငယ်များနှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း ကိုလည်းကောင်း၊ တွံတေးမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တွံတေးမြို့မရဲစခန်းမှ စခန်းမှုး ဒုရဲမှူးထွန်းထွန်းအောင်က ကျောင်းသားလူငယ်များ လိုက်နာရမည့် မှုခင်းဆိင်ရာများ၊ လူကုန်ကူးမှုဆိုင်ရာများကိုလည်းကောင်း၊ ကျောင်းကျန်းမာရေး အသိပညာဟောပြောပွဲတွင် ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာ မိုးမိုးစံက မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် ဖြစ်တတ်သော ကျန်းမာရေးနှင့် ပတ်သက်သည့် ဆိုးကျိုးများအကြောင်းကို လည်း​ကောင်းဟောပြောဆွေးနွေးခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်သောင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဟော‌ပြောပွဲသို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်​​မြင့်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဇာနည်မောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တွံတေးသား