ညောင်ဦး ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့မှ ညောင်ဦးမြို့နယ်အတွင်း အခြေခံပညာ ကျောင်းများသို့ ယနေ့နံနက် ၉ နာရီအချိန်က နယ်လှည့်ကွင်းဆင်း ဟောပြောပွဲအား ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး) က လူ ငယ်နှင့် ဘက်စုံဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပညာပေးဟော ပြောဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ကျောင်းသား၊ ကျောင်းသူများ (အခြေခံပညာ) စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာအကြောင်း ပညာပေးဟောပြောဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပညာပေးနယ်လှည့်ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးနှင့် ဆရာ/မများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ