ရမည်းသင်း ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်း ကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအနေဖြင့် ရမည်းသင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်း များ၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့အမှတ် (၅) မြို့မ အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်က ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ်သာတူညီမျှ ပညာသင်ယူမှုအခွင့်အလမ်းရရှိစေရန်နှင့် နိုင်ငံတော်၏ ပညာရေးအဆင့်အတန်း မြင့်မားလာစေရန် အထူးအလေးပေး ဆောင်ရွက် လျက်ရှိရာ ကျောင်းကျန်းမာရေးမြှင့်တင်သည့် လုပ်ငန်းဖြစ်သည့် ကျောင်းအခြေပြု ကျောင်းကျန်းမာရေး လုပ်ငန်းများဖြစ်သည့် ကျောင်းသားလူငယ်များအား ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို မျှတစွာစားသုံးရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကူးစက်ရောဂါကာကွယ်ရေး စသည်တို့နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူ များဘဝမှ စတင်ကာကျန်းမာရေးအသိပညာ ဗဟုသုတများနှင့်ပြည့်စုံစေရေးနှင့် ဘဝ တစ်လျှောက်လုံး လေ့ကျင့်သွားရမည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးနိုင်ရေးသည် အထူးအရေးပါသည်ဖြစ်၍ ကျန်းမာရေးအဆင့်မြှင့် ကျောင်းထူထောင်ရေးလုပ်ငန်းများဖြစ်သည့် ကျောင်းအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်း ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာ အန္တရာယ်ကင်းဝေးရေးလုပ်ငန်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်ဉ္ဇူမြင့်နှင့် အဖွဲဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးလက်ကမ်းနှင့် အဟာရဖွံဖြိုးရေးအုပ်စု အစားအစာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ထို့နောက်ကျန်းမာရေး စစ်ဆေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုးဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ပေးပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ KG မှ Grade5 အထိကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာရေး စစ်ဆေးပေးခြင်း၊ KG ကျောင်းသား/ ကျောင်းသူများအား တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးပြီး မှတ်တမ်းကတ်များ ဖြည့်သွင်း ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင် (ခရိုင် ပြန်/ဆက်)