ငွေနံ့သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

လှည်းကူး သြဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ငွေနံ့သာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်စေရန် ဖုန်း၊ သွန်၊ ခတ်၊ စစ်၊ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ခြင်အန္တရာယ် ကင်းရှင်းစေရေးအတွက် ခြင်ဆေးဖျန်း ခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၉)နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့တို့က ငွေနံ့သာကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ဝန်းအတွင်းရှိ စာသင်ခန်းများ၊ နားနေဆောင်များနှင့် အိမ်သာများအတွင်း ခြင်ဆေးဖျန်းပေးခြင်းနှင့် ရေကန်၊ ရေစည်များတွင် ဖုန်း၊ သွန်၊ ခတ်စစ်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်

အေးအေးနွဲ့(ပြန်/ဆက်)