လှိုင်မြို့နယ်တွင် ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆီများရောင်းချပေး

လှိုင်  ဩဂုတ်  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်လမ်းညွှန်မှုဖြင့် လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်း က စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆီများရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် တစ်ဦးလျှင် ၅၀ သား၊ ဆီတစ်ပိဿာ ၂၃၀၀ ကျပ်နှုန်းဖြင့် အမှတ်(၁၂)ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်ရတနာစျေးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ရဲအောင် (ပြန်/ဆက်)