မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာအုပ်စာစောင်နှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပ

မံစီ ဩဂုတ် ၁၇

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ နေ့လည် ၁၂ နာရီခန့်က    စာအုပ်စာစောင်နှင့် နံရံကပ်စာ စောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသားကျောင်းသူများ စာကြည့်တိုက်များကို ပိုမိုအသုံးချတတ်လာပြီး စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာ ဗဟုသုတများမြှင့်မား လာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး အသိပညာဗဟုသုတများစွာ ရရှိစေမည့် သုတရသ စာအုပ်စာစောင်များနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး၊ မျောက်ကျောက် ရောဂါအကြောင်း အသိပညာပေး၊  ကလေး သူငယ်အလုပ်သမား ပပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုခဲ့ ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)