မြစ်ကြီးနားမြို့ Community Centre ၌ ပန်းအလှဆင်၊ ပန်းအလှပြင်နည်း (အခမဲ့) သင်တန်းဖွင့်လှစ်

မြစ်ကြီးနား ဩဂုတ် ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်‌ဒေးရှင်းတို့ပူးပေါင်း၍ ပန်းအလှဆင်၊ ပန်းအလှပြင်နည်း (အခမဲ့)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ (Community Centre) လူထုအခြေပြု ဗဟိုဌာန ဘက်စုံသုံးခန်းမ၌ စတင်သင်ကြားပို့ချ လျက်ရှိသည်။

အဆိုပါ သင်တန်းတွင် မြစ်ကြီးနားမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းအေးနှင့် နည်းပြဆရာမများက မြို့နယ်အတွင်းရှိ ပန်းအလှဆင်/ပန်းအလှပြင် အတတ်ပညာအား စိတ်ဝင်စားသည့် သင်တန်းသူ (၃၀) ဦးတို့အား ယပ်တောင်ပုံ ပန်းအလှဆင်၊ အဝိုင်းပုံ ပန်းအလှဆင်၊ တြိဂံပုံ ပန်းအလှဆင်၊ L shape ပုံ ပန်းအလှဆင်နည်းများကို စာတွေ့လက်တွေ့အဖြစ် ဩဂုတ်လ (၁၆) ရက်‌နေ့မှ (၁၉) ရက်နေ့အထိ (၄) ရက်ကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်သည်။

ယော်ဆောင်(ပြန်/ဆက်)