ကျောက်ပန်းတောင်း ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂)နှစ်အထက် ကျောင်းသားကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac (ပထမအကြိမ်)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း စုရပ်(၄)ခုတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပြီး၊ စုရပ်များဖြစ်သည့်၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လေးရွာအခြေခံပညာ အထက်တန်းကျောင်း၊ မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းနှင့် ရွာလုကျေးရွာအခြေခံ ပညာအထက်တန်းကျောင်းတို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူစုစုပေါင်း(၉၀၆)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)