ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ပျော်ဘွယ် ဩဂုတ် ၁၇

ပျော်ဘွယ်မြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန် နေ့မွန်းလွဲ(၂)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ နိုင်ငံတော်အနေဖြင့် လူကုန် ကူးမှု တိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အ‌ခြေအနေများကို ဆွေးနွေးဟောပြော သည်။

ဆက်လက်၍ မြို့နယ်ရုံး Community Centre ခန်းမတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြိုအဖြစ်ကျင်းပပြုလုပ်ခဲ့သော အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူနှင့် ဆရာမများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)