မိုးမိတ် ဩဂုတ် ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ပလပ်စတစ်လျော့ချရေးအသိ ပညာပေးဆွေနွေးပွဲကို ယမန်နေ့နေ့လည်ပိုင်းက အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကောင်စီဥက္ကဋ္ဌ ဦးအောင်ဘော် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးတင်ရှိန်က မြို့နယ်တခွင်သန့်ရှင်းသာယာလှပရေးအတွက် ပလပ်စတစ်သုံးစွဲမှု လျေ့ချစေရေးအတွက် ပြည်သူများမှ လက်တွဲညီစွာအကောင်းအထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့မဈေး၊ ယာယီဆေးတို့တွင် ပလပ်စတစ်လျော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေထားခြင်း၊ ပလပ်စတစ်ကင်းစင်ရေးအတွက် စနစ်တကျအမှိုက်များ စွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံများထားရှိ၍လည်းကောင်း၊ စည်ပင်သာယာအမှိုက်ကားပေါ်သို့ စွန့်ပစ်နိုင်စေရေးအတွက်၊ အမှိုက်ကားများဖြင့် မြို့တွင်းသို့ လှည့်လည်ဆောင်ရွက်ပေးခြင်း၊ အမှိုက်ထွက်ရှိမှု လျော့နည်းအောင်ပြုလုပ်ခြင်း၊ အမှိုက်များကိုပြန်လည်အသုံးပြုခြင်း စသည့်အကြောင်းအရာများ ကိုလည်းကောင်း၊ ဆက်လက်ပြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းတိုးတိုးက Home Garden စိုက်ပျိုးရန် မြေလုံလောက်စွာမရှိသော အိမ်ခြံဝင်းများတွင် ပလပ်စတစ်ဖြင့် ပြုလုပ်ထားသောရေသန့်ဗူး၊ ပလပ်စတစ်ဗူးတွေကို ပုံစံအမျိုးမျိုးဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်သည့် အကြောင်းအရာများ၊ ပလပ်စတစ်အသုံးပြုမှုများလာခြင်း၏ ဆိုးကျိုးများအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဟော်တယ်နှင့်တည်းခိုခန်း ပိုင်ရှင်များ၊ ကုန်စုံဆိုင်များမှဈေးသည်များ တက်ရောက်ခဲ့ကြပြီး ပလပ်စတစ်လျော့ချရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)