မက်မန်း ဩဂုတ် ၁၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကို မက်မန်းမြို့ အ-ထ-ကကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုးက မီးဘေးနှင့်သဘာဝဘေးအန္တရာယ ကြိုတင်ကာကွယ်ရေးအကြောင်းကို ဟောပြောခဲ့ကာ ကျောင်းသား/ကျောင်းသူများကို မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များက ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုးနှင့် ဝန်ထမ်းများက မီးဘေးနှင့်သဘာဝပေး အန္တရာယ်များကြုံတွေ့ရပါက မည်သို့လုပ်ဆောင် သင့်ကြောင်းကို သရုပ်ပြပေးခဲ့ပြီး မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန် မီးသတ်ဆေးဗူး အသုံးပြုပုံကို ကျောင်းသား/ကျောင်းသူများ ကိုယ်တိုင်လက်တွေ့ လေ့ကျင့်ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
ပန်းကျင်(ခရိုင်ပြန်ဆက်)