မိုင်းယောင်း ဩဂုတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြေငှားဂရန်အတွက် လျှောက်ထားမြေနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် အမှတ်(၄၊ ၇၊ ၈)ရပ်ကွက်တို့မှ လူနေထိုင်ရန် မြေငှားဂရန် လျှောက်ထားသည့် မြေနေရာများနှင့် ဟောင်ကြန့်ကျေးရွာမှ အခြားနည်းလျှောက်ထားသည့် တန်(၃၀)ဆန်စက် မြေနေရာများအား လျှောက်ထားမြေနှင့် ပတ်သက်သည့် အချက်အလက်များ၊ လျှောက်ထားသူ တင်ပြသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း၊ စည်ပင်သာယာရေးဌာန မြို့နယ်ဦးစီးမှူး ဦးအားထူယာနှင့် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းထွန်း၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း