မိုင်းရယ် ဩဂုတ် ၁၇
ပလပ်စတစ်သုံးစွဲမှုလျော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လည်(၁)နာရီက မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်ဇော်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ သစ်တောဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနများ တာဝန်ရှိသူများက မြို့နယ်အတွင်း သုံးစွဲလျက်ရှိသော ပလပ်စတစ်များအား လျော့ချသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့် ပလပ်စတစ်များအပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မည့် နည်းလမ်းများကို ဟောပြောခဲ့ကြပါသည်။
အဆိုပါ ဟောပြောပွဲသို့ မြို့ပေါ်ရပ်ကွက်များမှ လုပ်ငန်းရှင်များ၊ ပြည်သူများ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်မာလာ