ရမည်းသင်း ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်ရှိ သီလဝခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲကျင်းပေရးဦးစီးကော်မတီနာယက ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲကျင်းပ၍ မြန်မာတစ်မျိုးသားလုံး၏ ယဉ်ကျေးမှုအမွေကို လက်ဆင့်ကမ်းထိန်းသိမ်စောင့်ရှောက်ရေးနှင့် တိုင်းရင်းအချင်းချင်း ချစ်ကြည်ရင်းနှီးစေရေးနှင့် မျိုးချစ်စိတ်ကိုအရင်းတည်ကာ ကောင်းသောယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ရှင်းလင်းကြားခဲ့ပြီး အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီးချင်းဖြင့် ဖျော်ဖြေကာ၊ ပျော်ဘွယ်မြို့နယ်ဂီတအစည်းအရုံဥက္ကဋ္ဌ ဒေါ်ဆွေဆွေအောင်မှ မြန်မာသံစဉ်ဖြင့် ဖျော်ဖြေတင်ဆက်သည်။
ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဝါသနာရှင်များမှ မဟာဂီတအဆိုပြိုင်ပွဲ(၂)ဦး၊ ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲ(၁၂)ဦး၊ အကပြိုင်ပွဲ(၁၀)ဦး၊ အရေးပြိုင်ပွဲတစ်ဦး၊ ပတ္တလားအတီးပြိုင်ပွဲတစ်ဦး၊ စန္ဒရားအတီးပြိုင်ပွဲတစ်ဦး၊ ဆိုင်းဝိုင်း(တစ်ဦးချင်း) ပြိုင်ပွဲ(၅)ဦးနှင့် ဝါသနာရှင် ဒုတိယတန်းအမျိုးသား နှဲပြိုင်ပွဲတစ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ဆုရရှိသူများနှင့် အကဲဖြတ်ဒိုင်များအား တာဝန်ရှိသူမျာက ဂုဏ်ပြုဆုတံဆိပ်၊ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ရမည်းသင်းမြို့ အမှတ်(၃) စစ်အခြေခံတပ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည်သည်တော်များ၊ ဆရာ၊ ဆရာမများနှင့် ဝါသနာရှင်အနုပညာသည်များအား ပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်