ဖုန်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

တကောင်း ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပညာသင်ယူနေသည့် ကျောင်းသား/ ကျောင်းသူများအား ယနေ့နံနက် ၉  နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်ချောစုဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား/သူများအား ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သည့် ကျောင်းသား/ကျောင်းသူအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများပူးပေါင်းကာ ဖုန်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား၊ ကျောင်းသူ (၅၈)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။      

သီရိအောင် (တကောင်း)