မင်္ဂလာဒုံ သြဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၁၀ နာရီအချိန် က လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီးအင်္ကျီအလှဆင် (Smocking)ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်မွန်ခင် က သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လူထုအခြေပြုအထောက်အကူပြုအဖွဲ့မှ သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးသန့် (စက်မှု)က သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအား အမျိုးသမီးအင်္ကျီအလှဆင် (Smocking) ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို လူငယ်များ တစ်ပိုင်တစ်နိုင်ဝင်ငွေများ တိုးပွားလာစေရန်ရည်ရွယ်၍ သင်တန်းတစ်ရက်တာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၆)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်းသား၊သင်တန်းသူများအား သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးသန့် မှ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
မြတ်သူဇာ(မင်္ဂလာဒုံ)