ကာမိုင်း ဩဂုတ် ၁၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကလေးသူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တိုးတက်လာစေရန် အတွက် Grade-4 ကျောင်းသားကျောင်းသူများအား ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီခန့်က ကျင်းပခဲ့သည်။
အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသားကျောင်းသူများမှ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို ပြန်/ဆက်ဦးစီးမှူးတာ၀န်ခံ ဒေါ်ရွှေဇင်ဦးက ဆုများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး အသိပညာဗဟုသုတများ တိုးပွားစေမည့် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)