ဒဂုံတောင် သြဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၄) ရပ်ကွက်၊ ကျွန်းရွှေဝါလမ်းနှင့် ကျောင်းလမ်းထောင့်တွင်ရှိသော လူနေအိမ်ပေါ်သို့ ကုက္ကိုလ်ပင်တစ်ပင် လဲကျနေခြင်းအား မြို့နယ်မီးသတ်မှ သွားရောက်ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ည (၂၂:၃၀) နာရီတွင် ဒဂုံမြိုသစ် (တောင်ပိုင်း) မြို့နယ်၊ (၅၄) ရပ်ကွက်၊ ကျွန်းရွှေဝါလမ်းနှင့် ကျောင်းလမ်းထောင့်၊ အမှတ်(၉၂၃)၊ ပိုင်ရှင် ဦးသံဒိုင်နေအိမ် တံစည်းမြိတ်ပေါ်သို့ လုံးပတ် (၅)ပေပတ်လည်၊ အရှည် (၂၅)ပေခန့်ရှိ ကုက္ကိုလ်ပင်တစ်ပင် လဲကျနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သတင်းရရှိသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး ယာဉ်၊ သန္ဓေတပ်ဖွဲ့ဝင်၊ အရန်တပ်ဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် ဖယ်ရှားရှင်းလင်း ပြီးကြောင်း လူ၊ လူနေအိမ်နှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ကျော်စွာမိုး(ဒဂုံတောင်)