ကော့မှူး ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းဇော်မင်းက ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ကြရန်၊ ပြင်ပလူများဝင်ထွက်သွားလာမှုအား စနစ်တကျစစ်ဆေး၍ မှတ်တမ်းထားကြရန်၊ မလိုအပ်သောကျောပိုးအိတ် လက်ဆွဲအိတ်များအား ဌာနအပြင်တွင်သာ ထားရှိစေရန်နှင့် Hand Detector ဖြင့်ရှာဖွေပြီးမှသာ ဌာနအတွင်းဝင်ရောက်ခွင့် ပြုကြရန်ပြောကြားခဲ့သည်။ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သူတို့က မြို့နယ်အနေဖြင့် (ပုံစံ-၆/၆၆) အချက်အလက်များ E-ID စနစ်ဖြင့် Software ထဲသို့ စာရင်းသွင်းခြင်းအား သတ်မှတ်ကာလအတွင်းအောင်မြင်စွာ ပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာများက E-ID စနစ်ဖြင့် ကွန်ပျုတာဖြင့် Software ရေးသွင်းနိုင်ရေးအတွက် မိမိတို့ဌာနများမှ ပူးပေါင်းရွက်ပေးမည် အခြေအနေများအား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ