ကျိုင်းတုံ ဩဂုတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့၍ ရေလွှမ်းမိုးမှုဖြစ်ပွားကာ ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာများကို တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်မှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီခွဲက ကတ်ဖကျေးရွာအုပ်စု၊ ယန်းဝိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ရာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ယန်းဝိုး၊ ယန်းခမ်း၊ ဝမ်တာကျေးရွာ များတွင် ဩဂုတ် ၁၃ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့၍ ရေလွှမ်းမိုးမှုဖြစ်ပွားကာ ရေဘေး သင့်ခဲ့သည့် အိမ်ထောင်စု ၁၀၃ စု အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ဆန်အိတ် ၅၀ အိတ်၊ ခေါက်ဆွဲခြောက်ထုတ်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ကြက်ဥအလုံး (၁၀၀၀)၊ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ ဆန်အိတ် ၂၀ အိတ်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ် ၁၅ သိန်းကျော် တန်ဖိုးရှိ ဆန်ရိက္ခာများကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းနှင့် တြိဂံဒေသတိုင်းစစ်ဌာချုပ် နယ်လှည်ဆေးကုသရေးအဖွဲ့က ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)