သထုံ ဩဂုတ် ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ပြည်သူများ စက်သုံးဆီဈေးနှုန်း မှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်ကြီးများအား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတို့မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းကာ သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များဖြစ်သည့် Parent Love၊ PUMER၊ အောင်တမန်၊ MAX၊ ရွှေကြာ၊ Golden Lotus၊ DENKO၊ FAMOUS၊ KYAW SAM၊ ချောစု စသည့် စက်သုံးဆီအရောင်းဆိုင်တို့အား စက်သုံးဆီများအား ရောင်းချခြင်းမပြုဘဲ သိုလှောင်ထားမှုမရှိစေရေး၊ လောင်စာဆီ ပြတ်လပ်နေသော ဆိုင်များအား စက်သုံးဆီယာဥ်များ ရောက်ရှိလာပါက တာဝန်ရှိသူများအား အချိန်နှင့်တပြေးညီ သတင်းပေးပို့ရေးနှင့် စက်သုံးဆီစျေးနှုန်းများအား အများနည်းတူ ထိုက်သင့်သည့် စျေးနှုန်းအတိုင်းသာ သတ်မှတ်ရောင်းချရေးတို့ကို မှာကြားစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)