အမ်းမြို့ ဩဂုတ် ၁၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့် ခရိုင်အဆင့်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၏ ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ၊ မြို့တွင်းစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပစေရေး၊ ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ ဌာနဆိုင်ရာများက အလေးထား လိုက်နာဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများအောင် မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမြင့်နှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင် ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်တို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ တင်ပြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ မြို့တွင်း သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ၊ ၆၆/က စာရင်းရေးသွင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ပန်းခင်းစီမံချက်နှင့် လူဦးရေစာရင်းပြုစုနေမှုအခြေအနေများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ၊ မိုးစပါးစိုက်ပျိုးရေးကိစ္စများ၊ မြေလွတ်မြေရိုင်း၊ စား ကျက်မြေပေါ် တရားမဝင် ကျူးကျော်နေထိုင်မှုများ၊ သဘာ ဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကိစ္စရပ်များနှင့် မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ဌာနအလိုက် လုပ်ငန်းဆောင်ရွက် နေမှုများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း