ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၌ မိုးစပါးသီးနှံ (၅၂၈၁၇) ဧကနှင့် သီးနှံမျိုးစုံ (၄၈၇၁၇) ဧက စိုက်ပျိုးသွားမည်ဖြစ်

ကျောက်ဆည် ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂-၂၃ ခုနှစ်၌ ဆည်ရေသောက်၊ မိုးကောင်းသောက်၊ မြေအောက်ရေများဖြင့် မိုးစပါးသီးနှံ (၅၂၈၁၇) ဧကနှင့် သီးနှံမျိုးစုံ (၄၈၇၁၇) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မိုးစပါး (၅၂၈၁၇) ဧကနှင့် မြေပဲသီးနှံ (၂၈၀) ဧက၊ နှမ်းသီးနှံ (၄၀၅၇) ဧက၊ နေကြာသီးနှံ (၃၁၉၇) ဧက၊ ပဲတီစိမ်း (၁၂၆၉၃) ဧက၊ ပဲစင်းငုံ (၁၆၉၁) ဧက၊ အခြားပဲမျိုးစုံ(၆၀၉၄)ဧက၊ နှံစားပြောင်း (၃၄၄၄)ဧက၊ ဖူးစားပြောင်း(၇၉၃)ဧက၊ ငရုပ်(၁၈၀၀)ဧက၊ နနွင်း(၉၆၉)ဧက၊ ဟင်းသီးဟင်းရွက်(၂၂၂၀)ဧက၊ ကျွဲနွားစာ(၈၀၂၉) ဧက၊ မိုးချည်မျှင်ရှည်ဝါ(၄၃၄၅၀)ဧက စုစုပေါင်း(၄၈၇၁၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးသီးနှံများ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားရောဂါကာကွယ် ကင်းရှင်းရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုများအောင်မြင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများကူညီပံ့ပိုးပေးလျက် ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)