ကွမ်းခြံကုန်းမြို့နယ်တွင် ပန်းခင်းအဆင့်(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကွမ်းခြံကုန်း သြဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အ-ထ-က-၁ သီရိရတနာကျောင်းခန်းမတွင် ပန်းခင်းအဆင့်(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးကျော်သူရ ဦးဆောင်ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ အ-ထ-က-၁ ကျောင်းသို့ ပန်းခင်းအဆင့်(၂) စီမံချက်ဖြင့် ကွင်းဆင်ဆောင်ရွက်ရာတွင် အသက်(၁၀)နှစ်နှင့် (၁၈)နှစ်ခြား ကျောင်းသား/သူ(၃၀၀)ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့် ကျောင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံးဦးစီးမှူး ဦးကျော်သူရထံမှ သိရသည်။

(ဆွေနွယ် IPRD)