နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးTalk Show ဆွေးနွေး

နောင်ချို  ဩဂုတ် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ        ပြည်သူများ သဘာဝဘေးအန္တရာယ်များကို    ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးTalk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်   ဆောင်ရွက်ခဲ့ကြောင်း    သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း  ရည်ရွယ်ချက်များကို  ပြောကြားခဲ့ပြီးနောက် သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော  သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရန် အချက်များ၊ သတိပြုရန်၊ ရှောင်ရှားရန် အချက်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက မိုးရာသီတွင် ဖြစ်ပေါ်တတ်သော မုန်တိုင်းတိုက်ခတ်ခြင်းအန္တရာယ်၊  မိုးကြိုးအန္တရာယ်အကြောင်းနှင့် လိုက်နာဆောင်ရွက်ရန်၊ ဆောင်ရန်၊ ရှောင်ရန်များကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့်  ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေးTalk Show ဆွေးနွေးပွဲများကို  သက်ဆိုင်ရာ နေ့ထူးနေ့မြတ်များအလိုက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍  Online မှတစ်ဆင့်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)