မိုင်းလုံမြို့  လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းလုံ ဩဂုတ် ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက  မြို့နေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ  ချစ်မြတ်နိုးသူများ  ပိုမိုတိုးပွားလာစေရန် စာရေးဆရာ ကျော်ကျော်လှိုင်၏ “တန်ဖိုးရှိ သောနေ့”   စာအုပ်ဖြင့်   ယနေ့နံနက် (၉)နာရီခွဲအချိန်ခန့်က    လူထုအခြေပြုဗဟိုဌာန   ( Community  Centre)  ခန်းမ၌  စာဖတ်ဝိုင်း  ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက နေ့တစ်နေ့ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းစေရန်၊ ‌ယနေ့လုပ်ဆောင်ရမည့် တာဝန်များကို တာဝန်ယူစိတ်အပြည့်ရှိ၍ လုပ်ဆောင်နိုင်ကြရန်နှင့် စာပေမှအသိပညာ ဗဟုသုတများရရှိစေရန်  ရည်ရွယ်၍ ဆောင်ရွက်ရခြင်းကိုပြောကြားပြီး  ရှေ့ဦးစွာ (Book Club) အသင်းဉက္ကဋ္ဌ ‌ဦးစိုင်းသစ်မှ ဦးဆောင်၍ “တန်ဖိုးရှိသောနေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဒေါ်နန်း‌ကေသွယ်မှ     “‌အောင်မြင်‌ရေးစိတ်ဓါတ်‌မွေးမြူပါ” ခေါင်းစဉ်ပါအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်‌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် တစ်လတစ်ကြိမ် လစဉ်ပုံမှန်ဆောင်ရွက်သွားမည့် အကြောင်းကို မိုင်းလုံမြို့ ပြန်ကြား‌‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန မြို့ဦးစီးမှူးထံက သိရသည်။

ဇော်ဇော်(ပြန်/ဆက်)