နမ့်ဆန် ဩဂုတ် ၁၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လည်(၂) နာရီ အချိန်က လူငယ်နှင့်စာဖတ်ခြင်းဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဆွေးနွေးပွဲ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်မှ ယနေ့လူငယ်လူရွယ်များ စာတတ်သူတိုင်းစာဖတ်ရေး၊ စာပေအသိပညာ ဗဟုသုတ ကြွယ်ဝစေရန်၊ စာပေဖတ်ရှုမှ အားကောင်းပြီး ကမ္ဘာ့လမ်းများပေါ် လျှောက်လှမ်း နိုင်ရန်၊ စာပေများမှ မှန်ကန်သော အသိတရား၊ မှန်ကန်သော ဆုံးဖြတ်ချက်များရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးတို့က လူငယ်များ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)