ဝမ်းတွင်း သြဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာတွင် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ဆပ်/ထုတ်ခြင်းလုပ်ငန်းများ နေ့ချင်းပြီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ၏ ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချရေးနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ တစ်နိုင်တစ်ပိုင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ချေးငွေအတွက်ဝန်ထုပ်ဝန်ပိုး မဖြစ်ပေါ်စေ ရေးအတွက် စီမံကိန်းလက်စွဲပါအတိုင်းနေ့ချင်းပြီး ဆပ်/ထုတ်လုပ်ငန်းများ ဆောင်ရွက်ခဲ့လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ၄၆ ယူနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ခု ဇူလိုင်တွင် စီမံကိန်းစက်ဝန်းချေးငွေကာလတစ်နှစ်ပြည့်သည့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ၁၄ ယူနစ်အား ဆပ်/ထုတ်ခြင်းလုပ်ငန်းများအား ရွာဟောင်း+ကုန်းရွာ၊ ဗဒင်(န)+ဗဒင်းရွာမ၊ ဖလန်ကျင်း၊ သဲတောလေး၊ ကံကွေ့၊ ကံကြီး၊ ရုံပင်ကုန်း၊ ပဲနံ့သာ၊ ကူနီ၊ ငါးရံ့ကုန်း၊ကုက္ကိုလ်ပင်၊ ကုက္ကိုတော၊ အောင်သာ(တ)၊ ကန်တိုကျေးရွာများတွင် နေ့ချင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆပ်/ထုတ်ဆောင်ရွက်ခဲ့သည့် စီမံကိန်းရန်ပုံငွေ ၁၄ ယူနစ်အား စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၁၅၈ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၁၆ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင် သူ ၂၂ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၅ ဦးတို့အား ထုတ်ချေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)