ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးများ ဆက်လက်ထိုးနှံပေး

ကျောက်တံတား  ဩဂုတ်  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ် (၃၅)လမ်းထိပ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်‌‌ရေးမှူးရုံးဟောင်းရှေ့ ဆေးထိုးစုရပ်တွင် ယနေ့နံနက် (၁၀)နာရီအချိန် က ကွင်းဆင်း၍ အသက်-၁၈ နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး  ထိုးနှံ‌‌ပေးရာ စုစုပေါင်း (၂၁၂)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနေမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန် က အနီးကပ်ကြီးကြပ်ပြီး ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာများမဖြစ်စေရေးအတွက် အပူချိန်တိုင်းပေးခြင်း၊သွေးပေါင်ချိန်ပေးခြင်းနှင့် ဆေးထိုးပြီးပါက နာရီဝက်ကြာ ခေတ္တနားစေခြင်းတို့ကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)