ကျောက်ဆည်ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကျောက်ဆည်  ဩဂုတ်  ၁၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံထူးချွန်ထက်မြက်စေရေး ယမန်နေ့မွန်းလွဲ(၁)နာရီက စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာအုပ်စာပေလူမိတ်ဆွေ ဆိုသည့်အတိုင်း ကျောင်းစာအပြင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် ဘဝတွင်အောင် မြင်ကျော်ကြားသူများ မလွဲမသွေ ဖြစ်စေရေး အတွက် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းရှင်းလင်း  ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရှိဒေါ်ခင်နှင်းရီက အလိမ္မာစာမှာရှိဆိုသည့်အတိုင် စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် လိမ္မာယဉ်ကျေးပြီးထူးချွန်ထက်မြတ်သော ကျောင်းသား/ကျောင်းသူများဖြစ်စေလိုကြောင်း စာအုပ် စာပေများဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည်တိုက်တွင် အခမဲ့လာရောက်ဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)