လှိုင် သြဂုတ် ၁၆
ပြည်သူများ မျောက်ကျောက် (Monkey pox) ကူးစက်ရောဂါအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁:၀၀နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာမပေါက်ပေါက်နှင့် သတိပြုစရာ မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ်ဦးစီးမှူးက ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ပေါက်ပေါက်မှ မျောက်ကျောက်ရောဂါစတင် ပေါ်ပေါက်လာပုံအကြောင်း၊ မျောက်ကျောက်ရောဂါ၏လက္ခဏာများ၊ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် မျောက်ကျောက်ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများ အစရှိသည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးချက် အပြည့်အစုံအား လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Online Page တွင် လွှင့်တင်ထားကြောင်း သတင်းရရှိသည်။
ကျော်ရဲအောင်(ပြန်/ဆက်)