ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂) ကျင်းပ

ဒဂုံမြောက် ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက “ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃  စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေများနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများကို တင်ပြ ဆွေးနွေးသွားရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများအား ဌာနဆိုင်ရာများအနေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ  အခက်အခဲများရှိပါက  တင်ပြကြရန်၊ မိမိတို့အနေနဲ့ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းများ  ကိုဗစ်-၁၉‌ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်၊ မိမိတို့ရုံးဌာနများ လုံခြုံရေးအတွက် အထူးဂရုပြု ဆောင်ရွက်ကြရန် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား  ပြည်သူများအတွက် အကျိုးရှိ‌သော လုပ်ငန်းများအားအဓိကထား ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း”  ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးမှူး တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်း အခြေအနေများအား ရှင်းလင်းဆွေးနွေးပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာန စီမံကိန်းလုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှုများအား ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ