ပြင်ဦးလွင် ဩဂုတ် ၁၆
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုရှားဘာသာစကားအခြေခံသင်တန်း၊ အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားနှင့်Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ HSP (National) Level အသိအမှတ်ပြုလက်မှတ်များပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၆)ရှိ ရွှေနန်းထိုက်ဟိုတယ် ခန်းမဆောင်၌ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၊ တာဝန်ရှိသူများ၊ ဟိုတယ်ဝန်ထမ်းများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး HSP National Certificate လျှောက်ထားသည့် ဟိုတယ်များအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်မှ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ ရုရှားဘာသာစကားအခြေခံသင်တန်း၊ အမှတ်စဉ်(၁/၂၀၂၂ ) ဖွင့်ပွဲသင်တန်းတွင် သက်ဆိုင်ရာဘာသာပြ ဆရာ/ဆရာမများက စနစ်တကျသင်ကြားပို့ချမည်ဖြစ်ကာ သင်တန်းကာလမှာ(၆)လဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၅၀)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။
ဆက်လက်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့်အဖွဲ့က ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဟိုတယ်ဝန်ထမ်း (၁၁၄)ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ကြည့်ရှုခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)