ကျိုက်ထို ဩဂုတ် ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးသီးနှံ စိုက်ပျိုးမှုနှင့် မျိုးစေ့ထုတ် စိုက်ပျိုးရေး တောင်သူများ(သွင်းအား)စု ဓါတ်မြေ ဩဇာသုံးစွဲမှု အဆင်ပြေစေရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံး၌ ဩဂုတ်
(ဒုတိယပတ်) နံနက်ပိုင်းတွင် မြို့နယ်ဓါတ်မြေဩဇာဖြန့်ဖြူးရေးကော်မတီမှ ကြီးကြပ်၍ ပထမအကြိမ်အဖြစ် ကျေးရွာ (၄)ရွာမှ တောင်သူ (၁၀၂)ဦးအား ယူရီးယားဓါတ်မြေဩဇာ (၅၄၅)အိတ်အား တစ်အိတ်လျှင် ငွေကျပ် (၃၁၅၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာ စွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်း မိုးစပါးစိုက်ဧက လျာထားချက်မှာ(၂၁၅၀၂)ဧက လျာထားပြီး ယမန်နေ့ထိ စိုက်ပျိုးဧကမှာ (၂၁၂၆၇)ဧကအား စိုက်ပျိုးပြီးစီးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၀င်းမောင်-ကျိုက်ထို